
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ် မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှဝယ်ယူလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၂၉.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၂၈) သည် မော်တော်ယာဉ်အမှတ် 5R-8298 ဖြင့် (၆.၁၂.၂၀၂၅) ရက်နေ့တွင်ရောက်ရှိလာပြီး Myanmar Oil Alliance ကုမ္ပဏီမှ (၃.၁၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၆၆) သည် မော်တော်ယာဉ် အမှတ် 4S-7078 ဖြင့် (၈.၁၂. ၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သဖြင့် ၎င်းစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်းချပေး မည်ဖြစ်ကြောင်း၊ ၎င်းတို့မှ တစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါ သည်။
DOCA(တနင်္သာရီ)
