Main menu

ကျိုင်းတုံမြို့ ပြောင်းဈေးကွက်

Powered by Drupal

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းခွန်၊ တောင်ပေါ်(၅)အုပ်စု မိုင်းလပ်၊ လွယ်မွေ၊ ပန်ဝိုင် ၊ မိုင်းခွန် ၊ ကတ်ထိုက် အုပ်စုတို့တွင် မိုးသီးနှံ ဒေသထွက်ကုန်တစ်မျိုးဖြစ်သော မိုးအစေ့ထုတ်ပြောင်းကို နှစ်စဉ် တောင်ကုန်းတောင်စောင်းများ၌ အများဆုံးစိုက်ပျိုးကြပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း၌ စိုက်ပျိုးခဲ့သည့် မိုးအစေ့ထုတ်ပြောင်း ခန့်မှန်းဧက(၄၁၆၉)ဧကစိုက်ပျိုး ကြသည်ကို တောင်သူဦးကြီးများထံမှ စုံစမ်းသိရှိရပါသည်။

          ကျိုင်းတုံမြို့နယ်တွင် မိုးအစေ့ထုတ်ပြောင်းသည် ဈေးကွက်ရှိခြင်းကြောင့် တစ်နှစ်ထက်တစ် နှစ် မိုးအစေ့ထုတ်ပြောင်းကို ပိုမိုတိုးချဲ့စိုက်ပျိုးလာကြပါသည်။ မိုးအစေ့ထုတ်ပြောင်းကို နှစ်စဉ် မေ လ ၊ ဇွန်လတို့တွင် စိုက်ပျိုးပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ခူဆွတ်ကြပါသည်။ ယခုနှစ် ၂၀၂၄ ခုနစ်တွင် မိုးအစေ့ထုတ်ပြောင်း အသစ်ကိုအောက်တိုဘာလ တတိယပတ်တွင် စတင်၍ ရောင်းချပြီး မိုးအစေ့ ထုတ်ပြောင်း ရောင်းချရသည့်ဈေးနှုန်းမှာ (၅၀)ကီလို တစ်အိတ်လျှင် လက်ကားဈေးနှုန်း (၅၈၀၀၀) ကျပ် ဖြင့်လည်းကောင်း လက်လီဈေးနှုန်းမှာ (၆၀၀၀၀) ကျပ် ဖြင့်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်းဈေးကွက်အတွင်း ရောင်းဝယ်သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)