Main menu

“တောင်ကြီးလယ်ယာစိုက်ပျိုးသီးနှံများမှ ပေါ်ဦးပေါ်ဖျားစတော်ဘယ်ရီသီးများ ဈေးကွက်တွင်းမှာကြွယ်ဝစွာ”

Powered by Drupal

   လယ်ယာထွက်ကုန်ပစ္စည်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ် ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊အင်းလေး ၊ ရွာငံ ဟဲဟိုး၊ပင်းတယ စသော မြို့များတွင် ဤရာသီဆောင်းအကုန်နွေအကူးတွင် ကလေး၊ လူကြီးအကြိုက် စတော်ဘယ်ရီသီး များစတင်ဈေးကွက်အတွင်းပေါများလျက်ရှိသည်။ စတော်ဘယ်ရီသီးမှာ ဒေသထွက်အသီးမျိုးနှင့် ဂျပန်သီးဟူ၍ နှစ်မျိုးရှိသည်။ ဒေသသီးပုံစံမှာအနည်းငယ်ရှည်ပြီး အရသာမှာချဉ်ချိုဖြစ်၍ ဂျပန်သီးမှာ အချဉ်ပေါ့ အချိုအရသာ ပိုကဲသည်။ ဒေသထွက်ကုန် သဘာဝလယ်ယာထွက် သီးနှံများ ဖြစ်သောကြောင့် ပိုလတ်ဆတ်/ပိုဘေးကင်းကာ ပိုနူးညံ့ပြီးစား ကောင်းသည့် စတော်ဘယ်ရီသီး များကို ထုတ်ပိုးမှု ပုံစံပြောင်းကာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ယခင် ဝါးခြင်းလေးများဖြင့် ရောင်းချ နေရာမှ ယခုအခါ ကော်ခြင်းများ ကော်ရေပုံးများဖြင့် ၁ ပိဿာ ၅၀ သား (အဝက်သား)ခွဲ၍ ရောင်းချလျက်ရှိကြောင်း ရောင်းချသူတစ်ဦးမှ ရှင်းပြချက်အရ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ရာသီစာဖြစ်သော ဒေသထွက်ကုန် သဘာဝလယ်ယာထွက် သီးနှံများ ဖြစ်သောရှမ်းပြည်စိုက် ဒေသအခေါ် ဂျပန်သီးနှင့် ဒေသစတော်ဘယ်ရီသီးများ ပိုမိုအရောင်းသွက် လျက်ရှိကြောင်း သိရှိရသည်။ ထို အသီးများကို ဈေးကွက်ပေါ်ရောက်စဖြစ်သောကြောင့် လက်လီ ကော်ပုံး ၁ ပုံး၊ လျှင် ၁ ပိဿာရှိပြီး  ၃၀,၀၀၀ ကျပ် မှ ၃၅,၀၀၀ ကျပ်အထိ အလုံး အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသည်။ လက်ကားဈေးမှာ ၁ ပိဿာ ၂၈၀၀၀ ကျပ် ဖြင့် ၁၀ ပိဿာဆံ့သော သစ်သီးဖာများဖြင့်ရောင်းချကာ အရောင်းသွက်လျက် ရှိကြောင်း တောင်ကြီး စတော်ဘယ်ရီသီးများ ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(ရှမ်း)