Main menu

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အထွက်ကောင်း နွေစပါးမျိုးများရောင်းချ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ ကင်မွန်းခြုံကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ တောင်သူကြီး ဦးစိန်ဝင်းသည် ယမန်နှစ်က အထွက်ကောင်းထိုင်းစပါးမျိုးများဖြစ်သော jasmine-5 နှင့် DR-43 စပါးမျိုးအား စမ်းသပ်စိုက်ပျိုးရာတွင် ဆန်သားကောင်းမွန်၍ ရာသီဥတုဒဏ်ခံခြင်း၊ အထွက်နှုန်းကောင်းခြင်းများကြောင့် ယခုနှစ် မိုးရာသီတွင် ယင်းစပါးမျိုးများအား နွေစပါးရာသီတွင် မျိုးအဖြစ်ပြန်လည်ရောင်းချရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးခဲ့ပါသည်။

         မိုးစပါးကာလ၌ jasmine-5 နှင့် DR-43 စပါးများမှာ တန်းစိုက်စနစ်ဖြင့်စိုက်ပျိုးပြီး ရက် ၁၀၀ သက်တမ်းရှိပါသည်။ ယခုအခါတွင် ရိတ်သိမ်းပြီးစီးပြီးဖြစ်ရာ ၁ ဧက ၉၃ တင်းနှုန်းထွက်ရှိကြောင်း သိရှိိရပါသည်။  ၎င်းစပါးများအားသန့်စင်ပြီး နွေစပါးမျိုးအဖြစ် ၂၀ ပိဿာ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် ယခုလ နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ ရောင်းချနေပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)