Main menu

မြိတ်မြို့ပေါ်တွင်ဖြစ်ပေါ်နေသော ဆန်စျေးနှုန်းအခြေအနေ

Powered by Drupal

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် စပါးစိုက်ပျိုးမှုရှိသော်လည်း ဒေသစားသုံးရန် မလုံလောက် သည့်အတွက် ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ ဝယ်ယူရောင်းချလျက်ရှိပြီး ‌မြိတ်မြို့ရှိ ဆန်ဆိုင်များမှ ပြန်လည်ဖြန့်ဝေရောင်းချလျက်ရှိပါသည်။ ‌ဒေသတွင်းဆန်များကို ထမင်းနှင့် မုန့်ပြုလုပ်ရောင်းချရာ တွင် အများဆုံးသုံးစွဲကြပြီး သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းကိုအများဆုံးအသုံးပြု၍ သယ်ယူ ကြ ကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဧည်မထဆန်အမျိုးအစားတစ်အိတ်လျှင် ၆၆၀၀၀ကျပ် ခန့်ရှိပြီး ပေါ်ဆန်းဆန်အမျိုးအစားတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ခန့်စျေးရှိကြောင်း ရည် ညွှန်း‌စျေးအပေါ်မူတည်ပြီး သယ်ယူပို့ဆောင်ကုန်ကျစရိတ်များပေါင်း၍ ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ ဒေသတွင်းလက်လီအရောင်းဆိုင်များတွင် ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်ခန့်နှင့် ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၀၀၀ကျပ်ခန့်စျေးရှိကြောင်း ဆန်အမျိုးအစားပေါ်မူတည်၍ စျေး နှုန်းပြောင်းလဲကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)