Main menu

ဖြူးမြို့နယ် အထက(၁) ဇေယျဝတီတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

        တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့်အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်ပြီး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ် ၊ ဇေယျဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်အကြောင်းများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို ရှင်းလင်းပြောကြားပါသည်။

           ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အမျိုးသားနေ့ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ယဉ်သူဇာလွင်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြောင်း သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။

            ဟောပြောပွဲသို့ ဇေယျဝတီ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား /ကျောင်းသူ ၁၂၅ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)