
မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ ဈေးနှုန်းမြှင့်တက်လာကြောင်း သိရသည်။ ခရမ်းချဉ်သီးဈေးကွက်၌ ဗမာခရမ်းချဉ်သီး တိုင်ထောင်ခရမ်းချဉ်သီးဟူ၍ ရောင်းချကြပါသည်။ နိုဝင်ဘာလက ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၇၀၀၀) ကျပ် တိုင်ထောင်ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဈေးရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ တိုင်ထောင်ခရမ်းချဉ်သီးမှာ (၄၀၀၀) ကျပ်ဈေးရှိကြောင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ခရမ်းချဉ်သီးရောင်းချသည့် ဈေးသည်များမှာ မြို့မဈေး၊ ဖြိုးဈေးတန်းရှိ ခရမ်းချဉ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြကြောင်း၊ ခရမ်းချဉ်သီးမှာ မိတ္ထီလာမြို့နယ်ရှိ ခရမ်းချဉ်စိုက်ကျေးရွာမှ ယခုကာလအတွင်း ထွက်ရှိမှုနည်းပြီး အဝင်နည်းလာသဖြင့် ယခင်လနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းမြှင့်တက်လာကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မန္တလေး)
