Main menu

“ မိတ္ထီလာမြို့နယ်တွင်း ယူရီးယားဓါတ်မြေဩဇာများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး၊ ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အခြားမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မိတ္ထီလာမြို့နယ်ရှိ ယူရီးယားဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ မြေဩဇာအရောင်းဆိုင်များ၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဓါတ်မြေဩဇာများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ၊ သွင်းအားစုများအား ဈေးကစားရန် သိုလှောင်ထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် (၉၄၀၀၀) ကျပ်၊(အလုံးလတ်) ၅၀ ကီလိုတစ်အိတ်လျှင် (၈၉၀၀၀) ကျပ်၊ (အလုံးသေး) ၅၀ ကီလိုတစ်အိတ်လျှင် (၉၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)