
စားသုံးသူရေးရာဦီးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း(Myanmar Rice Online_MyRo )တွင် ဆန်/ စပါးသိုလှောင်မှုလုပ်ငန်း၊ သိုလှောင်မှုအခြေအနေနှင့် နိုင်ငံအနှံရှိ သိုလှောင်ရုံများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်ပြီး ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးရည်ရွယ် ဆောင်ရွက်လျက်ရှိသဖြင့် ရမည်းသင်းမြို့နယ်၊ သဲကျွန်းကျေးရွာရှိ ဒေါ်သဉ္ဇာအောင်၊ဆန်အရောင်းဆိုင်အား MyRo တွင် ဆန်/စပါး သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်းရှင်အား တန်တန်ချိန်(၂၅)တန်နှင့် အထက် (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးပိုင်ဆိုင်သူသည် MyRo တွင် ဆန် /စပါးသိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင် www.myro.com.mm တွင်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
