Main menu

တောင်ငူမြို့ ပွတ်စုအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် နိုဝင်ဘာလ ၁၈ ရက်၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် တောင်ငူမြို့  ပွတ်စုအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်ယဉ်ယဉ်နွယ်မှ အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

            ထို့နောက် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူမှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာပါဝင်နိုင်ရေးအတွက် မိမိတို့ဌာနမှ စစ်ဆေးရေးအရာရှိများခန့်ထား၍ ဈေးကွက်အတွင်း စစ်ဆေးနေခြင်းများ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အစားအသောက်၊ ကုန်ပစ္စည်းတစ်ခုခုအား ဝယ်ယူအသုံးပြုမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားကို သေချာစွာဖတ်ရှု၍ သုံးစွဲသင့်ကြောင်းများကို ပြောကြားခဲ့ပါသည်။

             အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူပေါင်း ၁၇၈ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)