Main menu

ဇလွန်မြို့ Online Sale ဖြင့်ရောင်းချသော အလှကုန်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅)အချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ်ဈေးတာဝန်ခံရုံး၌ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်(၈)ဦးအား အွန်လိုင်းမှတ်ပုံတင်ခြင်း ဆိုင်ရာအသိပညာပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်စင်ဦးမှ Online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းမှတ်ပုံတင်စဉ်က လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာ အတိုင်း လုပ်ငန်း အမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသောစာရင်းကိုက်ညီစွာရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန် များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ် အသားပါရှိသော ကုန်စည်များကိုသာရောင်းချရမည်ဖြစ်ပြီး၊ ထို့နောက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)