
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၇.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ ကားဂိတ်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်း ပြတ်လပ်မှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင်စစ်ဆေးတွေ့ရှိချက်များအရအိမ်ဆောက်ရာတွင်အသုံးပြုသောဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ်အရည်အသွေး ပြည့်မီ သောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
