Main menu

အုတ်တွင်းမြို့နယ်တွင် ဆန်သစ်များ လှိုင်လှိုင်ပေါ်ပြီ

Powered by Drupal

           တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါး ၈၉၁၈၄ ဧက စိုက်ပျိုးထားရှိရာ ယခုအခါ ၂၀၈၉၆ ဧက ရိတ်သိမ်းပြီးစီးပြီးဖြစ်ပါသည်။ တစ်ဧကလျှင် အထွက်နှုန်းမှာ ၇၉.၉၅ တင်းရှိပါသည်။ ဒေသပေါက်ဈေးမှာ မြို့ပေါ်အရောက် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀ ရှိပါသည်။

           အုတ်တွင်းမြို့နယ်မှ ထွက်ရှိသောစပါးများကို အဆင့်မြှင့်ကြိတ်ခွဲပြီး ရန်ကုန်မြို့နှင့်မန္တလေးတိုင်းဒေသကြီး မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းမြို့များသို့ တင်ပို့လျက်ရှိပါသည်။ လက်ရှိ ရိတ်သိမ်းပြီးမိုးစပါးများမှ ကြိတ်ခွဲထွက်ရှိသော ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၏ဈေးနှုန်းများမှာ ဆန်တစ်အိတ်လျှင် ၃၉၀၀၀ ကျပ် ဆန်ကွဲတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၁၇၀၀၀ ကျပ်ရှိကြောင်း အုတ်တွင်းမြို့  ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)