
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းရာသီစာ ပန်းဂေါ်ဖီများကို မိမိဥယျာဉ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ နိုဝင်ဘာလတွင် စတင်အရောင်းသွက်လာသော ပန်းဂေါ်ဖီပွင့်များကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးမှ မှာယူရောင်းချကြသလို ဒေသထွက် ပန်းဂေါ်ဖီပွင့်များကိုလည်း ရောင်းချလျက်ရှိပါသည်။ပန်းဂေါ်ဖီသည် အမျှင်ဓာတ်နှင့်အာဟာရ ဓာတ်များစွာ ကြွယ်ဝပြီး ဟင်းလျာမျိုးစုံတွင် အသုံးပြု နိုင်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ အေးမြသောဆောင်းဦးရာသီအစတွင် ပန်းဂေါ်ဖီကို ဈေးကွက်ထဲတွင် အများအပြားတွေ့ရှိနိုင်ပြီး ပန်းဂေါ် ဖီများကို ဈေးဝယ်သူအိမ်ရှင်မများ၊ မြန်မာထမင်းဆိုင်နှင့်အကြော်အလှော်များ ရောင်းချနေသော စား သောက်ဆိုင်များမှ ဝယ်ယူလျက်ရှိပြီး ရာသီစာ အစားအစာအဖြစ် အရောင်းသွက်လျက်ရှိကြောင်း၊ ပန်းဂေါ်ဖီအသေး ၁ ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလတ် ၁ ထုပ်လျှင် ၁၅၀၀ ကျပ်၊ ပန်းဂေါ်ဖီပွင့်အကြီး ၁ ထုပ်လျှင် ၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
