
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇-၁၂-၂၀၂၅) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပန်းတနော်မြို့နယ် လူမှုဝန်ထမ်ဦးစီးဌာနတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အရာရှိနှင့် သင်တန်းသူ/ သင်တန်းသားများကို စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ အသိပညာပေးဟောပြော ဆွေးနွေးပွဲများ ကျင်းပခြင်းခဲ့ကြောင်း သိရသည်။
ဟောပြော ဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က (မြို့နယ် တာဝန်ခံ)က တက်ရောက်သူ သင်တန်းသူများအား စားသုံးသူ ကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmထဲသို့ဝင်ရောက်ပြီးတိုင်ကြားနိုင်ပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီးအသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ တက်ရောက်သူ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Doca(ဧရာဝတီ)
