Main menu

ရွှေဘိုမြို့ ပဲနှမ်းကုန်စည်ဒိုင်၏ နိုဝင်ဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရှိပါသည်။

  ရွှေဘိုမြို့ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် နိုဝင်ဘာလ ဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံများ အရောင်းအဝယ်ဖြစ်ခဲ့‌ကြောင်း၊ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် အဈေး(၁၈၀၀ဝိ/-)နှင့် အမြင့်ဈေး (၁၈၈၀ဝိ/-)ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၈၂၅၀)တင်း/(၂၀၆)တန်ဖြစ်ကြောင်း၊မြေပဲဆံတစ်တင်းလျှင် အနိမ့်ဈေး(၈၀၀၀ဝိ/-)နှင့် အမြင့်ဈေး(၈၃၀၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/ (၂၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်မှု နှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းမှာ ယခင်အပတ်အောက် (၇၅၀)တင်း/(၁၉)တန်လျော့နည်းခဲ့ပြီး မြေပဲဆံမှာ ယခင်အပတ်အောက် (၁၃၅၀)တင်း/(၃၁)တန် လျော့နည်းခဲ့ကြောင်း  ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဝင်ရောက်လာသည့် သီးနှံများကို ပဲ၊ နှမ်းကုန်သည်များမှ ပြန်လည်သိုလှောင်ခြင်းအပြင် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ ပြန်လည်တင်ပို့ခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)