Main menu

မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ မော်လမြိုင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံများအား ကွင်းဆင်းခြင်း

Powered by Drupal

     ၉.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ပေါ်ရှိ ‌ဇေယျာဆွေဆန်စက်နှင့် ခိုင်မတ္တာဆန်စက်တို့၏ သိုလှောင်ရုံ (၂) လုံးတို့အား ကွင်းဆင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ၎င်းနေ့တွင်ပင် ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာရှိ ဦးကြည်ရှိန်၏ဆန်စပါးသိုလှောင်ရုံအား ကွင်းဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MyRO တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းထည့်သွင်းနိုင်ရေး နည်းပညာပိုင်း ဆိုင်ရာကူညီခြင်း၊ သိုလှောင်ရုံရှိ ဆန်စပါးလက်ကျန် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)