
၁၀.၁၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဥ်း၍ အသိပညာပေးသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom ဖြင့်တက်ရောက်ခဲ့သည်။
ပထမဦးစွာ ပြည်နယ်ဦးစီးမှူး၊ ဦးတင်အောင်ကျော်မှ အဖွင့်အမှာစကားနှင့် သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးရှိ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးလွင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁ မှ ၆)အထိ ဆွေးနွေးပို့ချခြင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၆ မှ ၁၂)အထိ ဆွေးနွေးပို့ချခြင်း၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်မှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃၊၁၄၊၁၅) အထိ ဆွေးနွေးပို့ချခြင်း၊ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၆၊၁၇၊၁၈) ဆွေးနွေးပို့ချခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၉ မှ ၂၅) အထိ ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
