
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ အာလူးကို ကုန်စိမ်းသီးနှံ ဈေးကွက်တွင် ကျောက်ပန်းတောင်းမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှထွက်ရှိသော အာလူးများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၅၅၀၀-၆၀၀၀-၆၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် နိုဝင်ဘာလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၆၅၀၀-၇၀၀၀-၇၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အာလူး (၁)ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းအာလူး ထွက်ရှိမှုမရှိသေးဘဲ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မှာယူရောင်းချရပြီး ဈေးအတွင်း ဝင်ရောက်မှု များလာသောကြောင့် အာလူးဈေးနှုန်းမှာ အနည်းငယ်ကျလာခြင်းဖြစ်ကြောင်း သိရှိရ သည်။
DOCA(မကွေး)
