
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်အတူ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည် များဝယ်ယူ သုံးစွဲရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကုန်စည်များ အလေးချိန်မှန်ကန်မှုရှိစေရန် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအဖွဲ့သည် တောင်ငူမြို့ရှိ မြို့မဈေးကြီး နှင့် ဘုရင့်နောင်ဈေးတွင် ရောင်းချလျှက်ရှိ သော အခြေခံစားသောက်ကုန်ဆိုင်များ၊ဝက်သားဆိုင်၊ ဆိတ်သားဆိုင် နှင့် ကြက်သားဆိုင်များသို့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ပြည်သူများသို့ ရောင်းချပေးခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စည်များ ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းများမပြုရန် နှင့် သင့်တင့်မျှတသော ဈေးနှုန်း များဖြင့်ရောင်းဝယ်မှုပြုကြရန်၊ မူလလေလံဆွဲစဉ်က လေလံဈေးနှုန်းအတိုင်းသာရောင်းချရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချပါက စည်ပင်ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကွင်းဆင်း စစ်ဆေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆိုင်ပိုင်ရှင်များအား အသိပေး ပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)
