
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက် သရောဆောင်ရွက်လျက်ရှိရာ ၁၀.၁၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဦးနေမျိုးဝင်းသည် ပြွန်တန်ဆာမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော လူငယ်စကားဝိုင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
အငယ်တန်းစာရေး ဦးနေမျိုးဝင်းသည် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ လူငယ်စကားဝိုင်း၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ ပါသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ/ ဆရာမ ၁၅ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၅၀၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
