
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အမှတ် (၄၆) နှင်းဆီလမ်း၊ချမ်းမြေ့ သာမြေမိုးညိုတန်းရပ်ကွက်ရှိ Jade Land သောက်ရေသန့်စက်ရုံသို့ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိနှင့်ကျန်းမာရေးနှင့်အညီ ထုတ်လုပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Jade Land သောက်ရေသန့်စက်ရုံသည် 20 liter ရေသန့်ဘူးတစ်မျိုးသာ ထုတ်လုပ်ဖြန့်ဖြူးပြီး တစ်ရက်လျှင် ဘူး၂၅၀ မှ ၃၀၀ အထိ ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။စည်ပင်လိုင်စင်၊FDA ထောက်ခံချက် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်လုပ်ဖြန့်ဖြူးခွင့်၊ ကုန်အမှတ်တံဆိပ်များ ပြည့်စုံ ကြောင်း တွေ့ရှိရပါသည်။
