Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုး သည် (၈.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီက  ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီ လုပ်ငန်းရှင်များအား  စားသုံးသူကာကွယ်ရေးအသိပညာ ပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်း ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ပါညွှန်ကြားချက်များအား   အသေးစိတ်ရှင်းလင်း ဟောပြောကြားခဲ့ပြီး၊   စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ဆွေးနွေးဟောပြောပွဲသို့ လုပ်ငန်းရှင်် (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)