
ဖျာပုံခရိုင်၊ ဖျာပုံမြို့မဈေးကြီးအတွင်း၌ ဒုခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်နှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ( ၁၀ )ရက်နေ့၊ နေ့လယ် ( ၁၃ : ၀၀ )နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိစစ်ဆေးခြင်း၊ ဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့် ဖော်ပြထားမှု မရှိသောကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
(Doca ဧရာဝတီ)
