
မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မတ္တရာ၊ ရွှေဘိုမြို့နယ် ဘက်မှ ငှက်ပျောသီးများ ဝင်ရောက်လျှက်ရှိပါသည်။ ငှက်ပျောသီးအမျိုးအစားများစွာ ရှိသည့်အပြင် ရခိုင် ငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် သီးမွှေးငှက်ပျောသီးများ မန္တလေးဈေး ကွက်အတွင်းသို့ အများ အပြားဝင်ရောက်လျှက်ရှိပါသည်။ ငှက်ပျောသီးသည် အာဟာရ ဓာတ်များ စွာပါဝင်သည့် အသီးတစ်မျိုး ဖြစ်ပါသည်။ ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေက နှလုံးကျန်းမာ ရေးအတွက်များစွာ အထောက် အကူဖြစ်စေပြီး အထူး သဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်စေဖို့ ထိန်းညှိ ပေးနိုင်ပါသည်။ ငှက်ပျောသီးကို ဘုရားကန်တော့ပွဲနှင့် ရိုးရာဘုရားကန်တော့ပွဲများတွင်လည်း အသုံးပြုကြသည်။ ငှက်ပျောသီးများမှာ အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် ငှက်ပျောပူတင်း၊ ငှက်ပျောသီးကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောကိတ်မုန့်၊ စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။ ငှက်ပျောသီးတွင် အမျှင်ဓါတ်များစွာပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်းအတွက် ကာကွယ်ပေးပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင် မည်ဖြစ်ပါသည်။ ငှက်ပျောသီးတွင်ပါဝင်သော ကိုယ်ခံအားကောင်းစေခြင်း၊ ငှက်ပျောသီး စားသုံး ခြင်းဖြင့်အရိုးအဆစ်များကိုသန်မာစေပါသည်။ ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင်(၂၅၀၀/ ၃၀၀၀) ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင်(၂၀၀၀/၂၅၀၀)ကျပ်နှင့် သီးမွှေး ငှက်ပျောတစ်ဖီးလျှင်(၂၅၀၀/ ၃၀၀၀)ကျပ်ဖြင့် ဈေးနှုန်းဖြင့် အရွယ်အစားအကြီးအသေးအပေါ်မူတည်၍ ရောင်းချ လျှက်ရှိကြောင်း ငှက်ပျောသီးအရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)
