
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုး၍ စီးပွားဖြစ်စိုက်ပျိုးကြောင်း ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိပြီး စီးပွားဖြစ်ထွန်း၍ မအူပင်မြို့နယ်၊ တလုပ်လပ် ကမ်းနားသဲသောင်မြေပေါ်တွင် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
စိုက်ပျိုးမှု အနေဖြင့် ဗုံလဲသီး မျိုးစေ့ တစ်စေ့ကို ၂၀၀ကျပ်ဖြင့် ၁ဧကတွင် အစေ့ ၃၀၀၀ စိုက်ပျိုးပြီး ၂၀၂၅ခုနှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ပြီး ဗုံလုံသီးထွက်ရှိမှုမှာ ၂၀၂၅ခုနှစ် မတ်လတွင် အသီးမျိူး ပြတ်မည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ဝါး၊ မျိုး၊ လုပ်သား၊ သွင်းအားစု ကုန်ကျစရိတ် ၃၀ ၀၀၀ ၀၀၀ကျပ် ခန့် ကုန်ကျကြောင်း သိရသည်။ စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွာ ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး ၁ဧကတွင် သီးနှံ အတောင့်ရေ လေးသောင်းနှစ်ထောင်အထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က ၁တောင့်ကို ၁၀၀၀/-၊ ကျပ်ဈေးကောင်းရရှိပြီး ယနေ့ဈေးနှုန်း တစ်တောင့်ကို လက်ကားဈေး ၃၀၀-၅၀၀ ကျပ်ဖြင့်သာ ရောင်းချရကြောင်း သိရသည်။ ရန်ကုန်သို့ အဓိက ထား တင်ပို့ရောင်းချပြီး စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ငါးလတာအတွင်း အကျိုးအမြတ်နှုတ်ပြီး သိန်း ၁၀ နီးပါး ခန့် ကျန်ရှိနိုင်ကြောင်းကို စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရသည်။
DOCA(ဧရာဝတီ)
