
နတ်တော်လဆန်းတွင် မန္တလေးစျေးကွက်သို့ ပုရစ်ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း ရေကြည်ညောင်ပင်စျေးရှိ ပုရစ်စျေးကွက်မှ သိရှိရပါ သည်။ မြစ်ကြီးနား၊ ရွှေကူ၊ ကသာ၊ မတ္တရာနှင့် ဆည်တော်လေးဒေသတို့မှ ဝင်ရောက်သည့်ပုရစ်အား မိုးပုရစ် နှင့်ဆောင်းပုရစ်နှစ်မျိုးခွဲခြားရောင်းလေ့ရှိပြီး၊မိုးပုရစ်မှာ အထီးနှင့်အမစျေး ကွာခြားမှု မရှိဘဲ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်းမှစတင်ဝင် ရောက်လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှုများသဖြင့် လူကြိုက်များသကဲ့သို့ စျေးအနည်းငယ်မြင့် ကြောင်းသိရှိရပါသည်။ မန္တလေးမြို့၊ရေကြည်ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း လက္ကားစျေးမှာ ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ် ထုပ်လျှင် ပုရစ် (အမ) ၅၅၀၀၀ ကျပ်နှင့် ၅၉၀၀၀ ကျပ်၊ ပုရစ်(အထီး) ၂၅၀၀၀ ကျပ်နှင့် ၂၇၅၀၀ ကျပ်၊ သဲပုရစ် ခေါ် ပဲပုရစ်(အကောင်သေး)(၂၀၀ပါ)တစ်ထုပ်လျင် ၁၅၀၀၀ကျပ်နှင့် ၁၆၅၀၀ ကျပ်၊ လက်လီစျေးမှာ ပုရစ် အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့်၃၂၀၀၀ကျပ်၊ပုရစ်(အထီး)၁၄၀၀၀ ကျပ် နှင့် ၁၅၅၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)
