Main menu

နိုဝင်ဘာလနောက်ဆုံးပတ်ရှိသခွားမွှေးသီးစျေးကွက်

Powered by Drupal

            မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိရာ ဆောင်းဦးရာသီချိန်ဖြစ်၍ သခွားမွှေးသီးဝင်ရောက်မှုလျော့နည်းလာသည့်အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိ ရပါသည်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၅၀၀ ကျပ်စျေးဖြစ်ပြီး၊ မန္တလေးစျေး ကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)