Main menu

ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး )နှင့်ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေ အနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျက်ရှိရာ (၁၀.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် (၁၃)ရက်ကွက်၊ တောင်ဥက္ကလာပမြို့မြို့နယ်စေတနာ” ဆန် ရောင်းဝယ်ရေးအားသွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)