
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လားရှိုးမြို့ ဒုတိယပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည်(၁၁.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခရိုင်စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များဖြစ်သော မြို့နယ်ကျောင်းကျန်းမာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လားရှိုးမြို့ပေါ်ရပ်ကွက်များရှိ City Martများနှင့် ကုန်စုံဆိုင်များတွင်ရောင်းချနေသည့် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် မြန်မာစာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့၌ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါမြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင့်ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် စသည်တို့ပြည်စုံစွာပါရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချ နေသည်ကိုတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)
