
စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ အခြေခံပညာအလယ်တန်း ကျောင်း (လေထီး)၌ (၁၁.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ခွဲ တာဝန်ခံ ဦးဇော်မျိုးထွန်းပါ(၂)ဦးတို့သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များအား ဦးစွာပြောကြား၍ ကုန်စည်၊ ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်း စရာများ စားသုံး သူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် Consumer Call Center သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်သည့်နည်းလမ်းအား လက်တွေ့ဖုန်း ခေါ်ဆိုဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၇)ဦးတက်ရောက်၍ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ အလယ်တန်းကျောင်း(လေထီး)မှ ဆရာမများနှင့် ပူးပေါင်းပါဝင်၍ ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော မုန့်များမှာ Fresko၊ Cowboy၊ Layba၊ King Bull၊ Mamee၊ အီတလီခေါက်ဆွဲတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာလိုရေးသား ဖော်ပြထားပြီး အလေးချိန်ကိုလည်း ဂရမ်ဟုရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ရောင်းချသူများအား အစိုးရမှာများမှ ထောက်ခံချက်ပါသော ကုန်အညွှန်း အမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် လိုက်နာခြင်းမရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
