Main menu

နတ်တော်လဆန်းတွင် မန္တလေးဇီးဖြူသီးစျေးမြင့်တက်

Powered by Drupal

               မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများနတ်တော်လဆန်းတွင်ဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊စျေးမြင့်တက်ကာ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၅၀၀ကျပ် နှင့်၁၈၀၀ကျပ်၊အလုံး(လတ်)၁၀၀၀ ကျပ်နှင့် ၁၃၀၀ကျပ်၊ အလုံး(သေး) ၇၀၀ ကျပ်နှင့်၉၀၀ကျပ်စျေးတို့ဖြစ်ပြီး၊ အလုံးအရွယ်အစား အပေါ် မူတည်၍စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ ရောင်းချသူ များမှ သုံးစွဲမှုများပြားသည့် အတွက်အရောင်း သွက်လျက်ရှိကြောင်း ထနောင်းပင်စျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြ ချက်အရသိရှိရပါသည်။

DOCA  (မန္တလေး)