
ဒီဇင်ဘာလတတိယပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံ စားကုန်(ကုန်ခြောက်) ဈေးနှုန်းများ အနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၀၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ သကြားတစ်ပိဿာ လျှင် (၄၅၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းအသီးသီး တို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။
အခြေခံစားကုန် (ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိသော်လည်း ဈေးအေးလျက်ရှိကြောင်း၊ ကုန်ခြောက်ပစ္စည်းများ အနေဖြင့် မြို့နယ် တွင်းသို့ တစ်ရက်ခြားတစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း အဆိုပါကုန်ခြောက်ပစ္စည်းများအား ဘုရင့်နောင်မှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
