
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာလ (၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထက(ခွဲ) တော်ခရမ်းလေးကျောင်းသို့ ဆက်စပ် ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စားသုံးသူအသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှု၊ လူငယ်ရေးရာအုသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်းအရာများအကြောင်း၊ နည်းပညာအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက သဘာဝပတ်ဝန်းကျင်မှအလွယ်တကူတွေ့ရှိနိုင်သောအပင်များ၏ဆေးဘက်ဝင်များအကြောင်းနှင့် မြို့နယ်စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံနှင့် စားသုံးသူ၏အဓိပ္ပါယ်၊စားသုံးသူကာကွယ်ရေးနှင့်တာဝန်များ စားသုံးသူများဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေအမိန့်ညွှန်ကြားချက်များထုတ်ပြန်ထားရှိမှုများကုန်စည်အမျိုးအစားအလိုက်ကုန်အညွှန်းအမှတ်အသားများ မြန်မာ ဘာသာဖြင့် ဖော်ပြရမည့်အချက်များအား ကျောင်းသား/ကျောင်းသူများ၏ အရွယ်အလိုက်သိရှိနိုင်စေရန် ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ များနစ်နာဆုံးရှုံးမှုများနှင့်ပတ်သတ်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် အထိရောက်ဆုံး အလွယ်ကူဆုံးဖြစ်သည့် Consumer Call Center 1535 လိုင်းခွဲ ၁,၂,၃ များသို့ ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်မှ ယခုကဲ့သို့ လာရောက်အသိပညာပေးခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
