Main menu

ဒီဇင်ဘာလ  အရောင်းအဝယ်ဖြစ်သော မြေပဲဖတ်ဈေးနှုန်း

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ် သည့်အပြင် ဆီကြိတ်စက်၊ ဆန်စက်များ၊ နို့ချက်လုပ်ငန်း၊ ပဲကြော်လုပ်ငန်းများ အများအပြားရှိပါ သည်။ ငါန်းဇွန်မြို့နှင့် မြို့သာမြို့ရှိ ဆီကြိတ်စက်များသို့ ကျေးရွာမှ မိမိတို့စားသုံးရန်အတွက် သော်လည်းကောင်း၊ မြေပဲဆီရောင်းချရန်အတွက်သော်လည်းကောင်း လာရောက်ကြိတ်ခွဲကြပါ ကြောင်း၊  ထိုသို့ကြိတ်ခွဲ၍ ရရှိလာသော မြေပဲဖတ်၊ နှမ်းဖတ်များကို အချို့က နွားစာအဖြစ် အသုံးပြုရန် ယူကြပြီး အချို့က ဆီကြိတ်ခွဲခ ရသည့်အပြင် အပိုဝင်ငွေရရှိရန် ရောင်းချခဲ့ကြကြောင်း၊ မြေပဲတစ်တင်းခွဲကြိတ်လျှင် ဆီ (၁၁)ပိဿာရရှိပြီး မြေပဲဖတ် (၁၃/၁၂.၅၀)ပိဿာ ထွက်ရှိကြောင်း၊ နှမ်းတစ်တင်းခွဲကြိတ်လျှင် ဆီ(၁၁)ပိဿာရရှိပြီး နှမ်းဖတ် (၁၀/၁၁)ပိဿာထွက်ရှိကြောင်း၊ သီးနှံ အရည်အသွေးပေါ်မူတည်၍ ဆီနှင့်နှမ်းဖတ် ထွက်ရှိကြောင်း  သိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လတွင် မြေပဲဖတ် တစ်ပိဿာလျှင် (၆၂၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအပတ်တွင် မြေပဲဖတ် တစ်ပိဿာလျှင် (၂၀၀)ကျပ် ဈေးနှုန်း မြင့်တက်လာကြောင်း၊ ဆီစက်များမှတစ်ဆင့်  မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း သိရသည်။

DOCA(မန္တလေး)