
မြင်းခြံမြို့အေးမြသီတာဈေး၌ စားသောက်ကုန်အမျိုးမျိုး ရောင်းချလျက်ရှိသည့်အနက်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကြိတ်ခေါက်ဆွဲ ၂၅ ကျပ်သားလျှင် (၁၇၀၀) ကျပ်၊ တစ်ပိဿာလျှင်(၆၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကြိတ်ခေါက်ဆွဲ ၂၅ ကျပ်သားလျှင် (၂၀၀) ကျပ်၊ တစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက် ခြင်းခဲ့ခြင်းမှာ ကုန်ကြမ်းဂျုံမှုံဈေး အနည်းငယ်မြင့်တက်သဖြင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း၊ စားသုံးမှုများပြား၍ နေ့စဉ်ကုန်ချိန် (၃၀-၅၀) ပိဿာခန့်ရောင်းချရကြောင်း၊ ဈေးကွက် အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဝယ်ယူကြကြောင်း၊ ဆီချက်ခေါက်ဆွဲ၊ အုန်းနို့ခေါက် ဆွဲနှင့် နို့စိမ်း ခေါက်ဆွဲရောင်းချသူများ၊ အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြကြောင်း၊ ထုတ်လုပ်ရာတွင် ခေါက်ဆွဲသားများနူးညံ့စေရန် အကောင်း ဆုံးဂျုံမှုံ့ကို အသုံးပြု ထားပြီး တာရှည်ခံဓါတုဆေးများ မပါဝင်သောကြောင့်ကလေးနှင့် လူကြီးများ အတွက် စားသုံးရာ တွင်အထူးသင့်လျော်ကြောင်း ကြိတ်ခေါက်ဆွဲ ထုတ်လုပ်ရောင်းချသူထံမှ သိရှိရသည်။
DOCA(မန္တလေး)
