Main menu

ကလေးအဟာရဖြည်စွက်စာနှင့် ကလေး တစ်ကိုယ်သုံးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားနှင့် စံမညီ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများ (၉.၁၂.၂၀၂၅) ရက်နေ့ နေ့လည်(၁၄၀၀)နာရီအချိန်က ညောင်တုန်းမြို့နယ် ဆေးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်၊ မုန့်မျိုးစုံအရောင်းဆိုင်၊ City Marth နှင့် ဈေးရုံ၊ ဈေးတန်းရှိ အလေးအဟာရမုန့် အရောင်း ဆိုင်နှင့် ကလေးအသုံးအဆောင်ဆိုင်များ သို့ သွားရောက်၍ ကုန်စည်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော ကလေးအဟာရမှုများသည် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်းခြင်းရှိ/မရှိ၊ အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်နှင့် ကုန်စည်အမျိုးမျိူးတွင် ကုန်အညွှန်စစ်ဆေးခြင်း၊ ထောက်ခံချက်ပါဝင်မှု ရှိမရှိစစ်ဆေးခြင်း၊ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ စံမမီသော ကလေးအသုံးအဆောင်များကို ရောင်းချခြင်း ရှိမရှိစစ်ဆေးခြင်း၊ ကလေးများ အတွက် မထိခိုက်စေရန် တရားဝင်ထုတ်လုပ်သော ကုန်စည်များကိုသာရောင်းချရန် ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ပြီး ညောင်တုန်းမြိုန့ယ်ဈေးကွက်အတွင်းတွင် ကုန်အညွှန်းအမှတ် အသား ပြည်စုံစွာ ဖော်ပြပါဝင်သော ကုန်စည်အချို့နှင့် သက်ဆိုင်ရာခွင့်ပြုချက်များပါဝင်သည့် တရားဝင်ကုန်စည်များကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည်။  ဆိုင်ရှင်းများကို စစ်ဆေးရေးတာဝန်ရှိသူနှင့် မိတ်ဖက်တာဝန်ရှိ စစ်ဆေးသူများမှ ဌာနတို့၏ ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့်၊ ထောက်ခံချက်၊ ကုန်အညွှန်းဖော်ပြထား သော ကုန်စည်များကိုရောင်း ချကြပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံ ရမည်ဖြစ် ကြောင်းကို အသိပညာပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)