Main menu

အင်ကြင်းဥယျာဉ် Online Shop အား  Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည်(၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ် (၂၄၂/၂)၊ ဖိုးခေါင်လမ်း၊ ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ အင်ကြင်းဥယျာဉ် Online Shop မှ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများအား  Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ် ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိကိုစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံ တင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်းအသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)