Main menu

သထုံမြို့နယ်အတွင်းရှိ ပြည်သူလူထုအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          ၁၂.၁၂.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ဓမ္မမေဒနီဘုန်းကြီးကျောင်း၌ သထုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ထိုနည်းလမ်းများထဲမှ Consumer Call Center သို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းအား လက်တွေ့ဖုန်းခေါ်ဆို ဆွေးနွေးပြသခဲ့သည်။ ထိုဟောပြောဆွေးနွေးပွဲသို့ ပြည်သူ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)