
၁၆.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် တောင်ပိုင်းရပ်ကွက်ကန်သာယာဓမ္မာရုံတွင် ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအုပ်ကြီးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအ ကြောင်း၊ Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ တောင်ပိုင်းရပ်ကွက်သူ၊ ရပ်ကွက်သား (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ရပ်ကွက်ရာအိမ်မှူးအား လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
