Main menu

မုံရွာမြို့ သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီးများနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

       ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီးဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၃၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၅၀၀/-) ကျပ် ဖြင့်လည်းကောင်း၊ ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၃၀၀)ကျပ်၊ အသေးတစ်တောင့် လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)