Main menu

မုံရွာမြို့၊ သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

Powered by Drupal

         မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ဒေသထွက် ခါကြက်ဥနှင့်  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ်အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်   သာစည်ဈေး၌ ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီးတစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၂၀၀) ကျပ်၊ သခွားသီးဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၃၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)