
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် တည်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ တည်သီးများကို မိုးကုတ်ဒေသ၊ ပြင်ဦးလွင်ဒေသနှင့် အခြား တောင်ပေါ်ဒေသထွက် သီးပင်စားပင်များဖြစ်ကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော တည်သီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သုံးလုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
