
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ပန်းဖယ်လိမ္မော်သီး နှင့် ဆန်းကစ်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများကို အေး၍စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်သဖြင့်အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ် တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချနေသော ပန်းဖယ်လိမ္မော်သီး နှင့်ဆန်းကစ်သီးဈေးနှုန်းမှာ ပန်းဖယ်လိမ္မော်သီး ၂၅ ကျပ်သား (၂၀၀၀)ကျပ်၊ ၅၀ ကျပ်သား (၄၀၀၀) ကျပ် နှင့် ၁ ပိဿာ လျှင် (၁၀၀၀၀) ကျပ်၊ အလားတူ ဆန်းကစ်သီးဈေးနှုန်းမှာ ၂၅ ကျပ်သား (၁၇၀၀)ကျပ်၊ ၅၀ကျပ်သား (၃၅၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
