Main menu

မိတ္ထီလာမြို့ရှိဆန်ဈေးနှုန်းဈေးကွက်

Powered by Drupal

    မိတ္ထီလာမြို့ရှိဆန်ဆိုင်များအား ဆန်ရောင်းချရာတွင် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များနှင့်အတူတူ ကွင်းဆင်းစိစစ်လျက်ရှိပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်လျက်ရှိရာ (၁၁.၁၂.၂၀၂၅) ရက်နေ့တွင်ဘကြီးဆန်ပွဲရုံသို့ သွားရောက်ကွင်းဆင်း စိစစ်ရာ ခရိုင်ဦးစီးမှူးမှမြန်မာနိုင်ငံ၏အဓိက စားသုံးသီးနှံဖြစ်သော ဆန်ကို ဈေးကွက်၌ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ ပြုရန်ဖြစ်ကြောင်း ယခင်ကမြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းက ဆန်ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတွင်း ရောင်းချနိုင်ရေးသတ်မှတ်ခဲ့ပြီး ယခုအခါ မန္တလေးတိုင်းအနေဖြင့် တိုင်းဒေသကြီး ဆန်စပါးကုန်သည် အသင်းကဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းထုတ်ပြန်ချက်များနှင့်အညီ ရောင်းချရန် ထုတ်ပြန်ချက်အပေါ်လိုက်နာကြရန်လိုကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)