
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ Task Force (၄/၂၀၂၅) ကြိမ် မြောက်အစည်းအဝေးအား ထားဝယ်မြို့၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် Virtual စနစ်ဖြင့် တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြာြခင်း၊ ကိုဗစ်-၁၉ ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးခြင်း နှင့်အထွေထွေဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
