Main menu

“ Online မှ ရောင်းဝယ်ခြင်းဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်”

Powered by Drupal

     ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျောက်ဆည်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ Online မှ ရောင်းဝယ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက Online မှ ရောင်းဝယ်ခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ Online ရောင်းချသူများ လိုက်နာရမည့် စည်းကမ်းများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)