Main menu

Talk Show အစီအစဉ်ပြောကြားခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၅.၁၂.၂၀၂၅) နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ (ဒု-ကြီးကြပ်ရေးမှူး) ဒေါ်တင်စန္ဒာယာဉ် က Talk Show အစီအစဉ်ပြောကြားခဲ့ပါသည်။

          အဆိုပါ Talk Showတွင်စားသုံးသူရေးရာဦးစီးဌာနမှ(ဒု-ကြီးကြပ်ရေးမှူး) ဒေါ်တင်စန္ဒာယာဉ် က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဌာန၏ မျှော်မှန်းချက်အနေဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်၊ ရည်မှန်းချက်အနေဖြင့် စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ၊ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် ကျောင်းဟောပြောပွဲများ၊ အလုပ်ရုံဟောပြောပွဲ၊ ပြည်သူအသိပညာပေးဟောပြောပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းမုန့်ဈေးတန်း၊ ဈေးရုံ တို့တွင် ရောင်းချနေသော စားသောက် ကုန် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိဌာနဆိုင်ရာများနှင့် ပူးပေါင်း ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)