Main menu

Agrastarဆန်စက်သို့MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင်  ဒေးဒရဲမြို့နယ်‌ထောင်မှူးချောင်ကျေးရွာ  သို့သွားရောက်၍  Agrastarဆန်စက်တွင်ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊  စပါးဆန်ဈေးကွက် အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊Gasifierများစနစ်တကျအသုံးပြုမှုရှိ/မရှိ၊MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးခြင်းနှင့်စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊သက်တမ်းတိုးရန်ရှိပါကသက်တမ်းတိုးဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအ‌နေများ၊Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရ သည်။

DOCA (ဧရာဝတီ)