ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည်(၁၆.၁၂.၂၀၂၅)ရက်နေ့၊ညနေ(၁၄;၀၀)အချိန်တွင်အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင်အဝတ်အထည်လုပ်ငန်းရှင်များအား online Saleနှင့်ပတ်သက် သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အဝတ်အထည်လုပ်ငန်းရှင်များအား မိတ်ဆက် စကားပြောကြားပြီး online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါကတင်ပြရန်မလိုကြောင်းရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံ စာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရအရေး ယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ အဝတ်အထည်လုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ပါသည်။
DOCA (ဧရာဝတီ)
